ယောက္ခမဖြစ်သူက သူမ၏ပိုက်ဆံအိတ်ကို ကိုင်နေသဖြင့် ပိုက်ဆံခိုးသည်ထင်ပြီး ဒေါသထွက်စွာ ဗီဒီယိုရိုက်ကူးထားခဲ့သော်လည်း…
ယောက္ခမဖြစ်သူက သူမ၏ပိုက်ဆံအိတ်ကို ကိုင်နေသဖြင့် ပိုက်ဆံခိုးသည်ထင်ပြီး ဒေါသထွက်စွာ ဗီဒီယိုရိုက်ကူးထားခဲ့သော်လည်း…
လူသားတိုင်းသည် အိမ်ထောင်ရက်သားကျပြီးချိန်တွင် ယောက္ခထီး ယောက္ခမများနှင့်ဆုံတွေ့ရမည်ဖြစ်ပြီး အချို့ကလည်းအဆင်ပြေစွာသားသမီးရင်းပမာ နေထိုင်နိုင်သကဲ့သို့ အဆင်မပြေသူအနည်းငယ်လည်း ရှိနေပေသည်။
ယခုတွင်လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် Xishuangbannaမြို့တွင် နေထိုင်သော ချွေးမတစ်ဦးဟာ သူမ၏ယောက္ခမဖြစ်သူနှင့် ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်လေးကို ပြောပြလာခဲ့ပါတယ်။
သူမဟာ အလုပ်မှပြန်လာသည့်တစ်နေ့တွင် ပိုက်ဆံအိတ်ကို ဆိုဖာထိုင်ခုံပေါ်မှာတင်ထားခဲ့ပြီးအိမ်ပေါ်သို့တက်သွားခဲ့ပါတယ်။ထိုအချိန်တွင် ယောက္ခမက သူမ၏ပိုက်ဆံအိတ်ကို ယူကိုင်လိုက်တာ တွေ့လိုက်ရသဖြင့် ခိုးယူမည်ထင်ပြီး ဒေါသထွက်ကာ ဗီဒီယိုရိုက်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ယောက္ခမဖြစ်သူဟာ သူမ၏အိတ်ကပ်ထဲမှ ပိုက်ဆံယွမ်တစ်ရာကို သေချာရေတွက်ပြီး ပိုက်ဆံအိတ်ထဲ ထည့်ပေးလိုက်တာကို တွေ့ခဲ့ရပါတော့တယ်။ပိုက်ဆံအိတ်ထဲတွင် အမြဲတမ်းယွမ်တစ်ရာထည့်ပေးထားတတ်သော်လည်း သူမဟာ ခင်ပွန်းထည့်ပေးနေသည်ဟု ထင်မှတ်ခဲ့ပြီး ယခုမှာသာ ယောက္ခမကထည့်ပေးနေမှန်း သိခဲ့ရတာဖြစ်ပါတယ်။