သိန်းသောင်းချီပြီး တင်တောင်းခံလိုက်ရတဲ့ အမ်အာတီဗီဖိုး မင်းသမီးရဲ့ နောက်ဆက်တွဲ ဂယက်

သိန်းသောင်းချီပြီး တင်တောင်းခံလိုက်ရတဲ့ အမ်အာတီဗီဖိုး မင်းသမီးရဲ့ နောက်ဆက်တွဲ ဂယက်

ယနေ့ အွန်လိုင်းပေါ်မှာ လူပြောအများဆုံး ကိစ္စတခုကတော့ သိန်းသောင်းချီပြီး တင်တောင်းခံလိုက်ရတဲ့ အမ်အာတီဗီဖိုး မင်းသမီး ပိုးကြာဖြူခင်ရဲ့ နောက်ဆက်တွဲ ဂယက်ပဲ ဖြစ်ပါတယ်။

မင်းသမီး ပိုးကြာဖြူခင်ဟာ ယမန်နေ့က သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ သိန်းသောင်းချီနဲ့ တင်တောင်းခံခဲ့ရတဲ့ အကြောင်း တင်ခဲ့ပြီး နာရီပိုင်းအတွင်းမှာ အဆိုပါ ဂယက် ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

ပိုးကြာဖြူခင်ဟာ ရွှေ (၂) ပိဿာ၊ EPR (၁၁) ဆက်၊ လက်ကောက် ကွင်း (၂၀)၊ ငွေသား သိန်း (၂၀၀၀) ခန့်နဲ့ တင်တောင်းခံရတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့် တင်တောင်းတဲ့ သတို့သားမှာ အရင်မိန်းမ ရှိခဲ့ပြီး ကွယ်လွန်ခဲ့တာ တနှစ် မပြည့်သေးဘူးလို့ သိရပါတယ်။

အရင်မိန်းမနဲ့ ကလေး (၃) ယောက် ကျန်ခဲ့တယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရပါတယ်။ တင်တောင်းခဲ့တဲ့ သတို့သားနဲ့ အရင် မိန်းမနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

လူမှုကွန်ရက် အသုံးပြုသူတချို့ကတော့ အဆိုပါ ကိစ္စအပေါ် ဝေဖန်မှုများ ရှိနေပြီး ပိုးကြာဖြူခင် ပရိသတ်တွေကတော့ ဆက်လက်ထောက်ခံ အားပေးနေတယ်လို့ သိရပါတယ်။

နှစ်ဖက် ပရိသတ်တို့ အချင်းချင်း ပြန်လှန် ပြောဆိုမှုများ ရှိနေပြီး နောက်ဆက်တွဲ ဂယက်တွေ ဘယ်လို ဖြစ်လာဦးမလဲဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

crd

zawgyi

ယေန႔ အြန္လိုင္းေပၚမွာ လူေျပာအမ်ားဆုံး ကိစၥတခုကေတာ့ သိန္းေသာင္းခ်ီၿပီး တင္ေတာင္းခံလိုက္ရတဲ့ အမ္အာတီဗီဖိုး မင္းသမီး ပိုးၾကာျဖဴခင္ရဲ႕ ေနာက္ဆက္တြဲ ဂယက္ပဲ ျဖစ္ပါတယ္။

မင္းသမီး ပိုးၾကာျဖဴခင္ဟာ ယမန္ေန႔က သူ႔ရဲ႕ လူမႈကြန္ရက္အေကာင့္မွာ သိန္းေသာင္းခ်ီနဲ႔ တင္ေတာင္းခံခဲ့ရတဲ့ အေၾကာင္း တင္ခဲ့ၿပီး နာရီပိုင္းအတြင္းမွာ အဆိုပါ ဂယက္ ပ်ံ႕ႏွံ႔လာခဲ့တာ ျဖစ္ပါတယ္။

ပိုးၾကာျဖဴခင္ဟာ ေ႐ႊ (၂) ပိႆာ၊ EPR (၁၁) ဆက္၊ လက္ေကာက္ ကြင္း (၂၀)၊ ေငြသား သိန္း (၂၀၀၀) ခန႔္နဲ႔ တင္ေတာင္းခံရတာ ျဖစ္တယ္လို႔ ကြၽမ္းက်င္သူမ်ားက ခန႔္မွန္းထားၾကပါတယ္။

ဒါေပမယ့္ တင္ေတာင္းတဲ့ သတို႔သားမွာ အရင္မိန္းမ ရွိခဲ့ၿပီး ကြယ္လြန္ခဲ့တာ တႏွစ္ မျပည့္ေသးဘူးလို႔ သိရပါတယ္။

အရင္မိန္းမနဲ႔ ကေလး (၃) ေယာက္ က်န္ခဲ့တယ္လို႔လည္း အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြအရ သိရပါတယ္။ တင္ေတာင္းခဲ့တဲ့ သတို႔သားနဲ႔ အရင္ မိန္းမနဲ႔ တြဲ႐ိုက္ထားတဲ့ ဓာတ္ပုံေတြလည္း အြန္လိုင္းမွာ ပ်ံ႕ႏွံ႔လာခဲ့တာ ျဖစ္ပါတယ္။

လူမႈကြန္ရက္ အသုံးျပဳသူတခ်ိဳ႕ကေတာ့ အဆိုပါ ကိစၥအေပၚ ေဝဖန္မႈမ်ား ရွိေနၿပီး ပိုးၾကာျဖဴခင္ ပရိသတ္ေတြကေတာ့ ဆက္လက္ေထာက္ခံ အားေပးေနတယ္လို႔ သိရပါတယ္။

ႏွစ္ဖက္ ပရိသတ္တို႔ အခ်င္းခ်င္း ျပန္လွန္ ေျပာဆိုမႈမ်ား ရွိေနၿပီး ေနာက္ဆက္တြဲ ဂယက္ေတြ ဘယ္လို ျဖစ္လာဦးမလဲဆိုတာကိုေတာ့ ဆက္လက္ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

crd

Leave a Comment